မလေး၇ှားမှေ၇ွးကောက်ပွဲဆန့်ကျင်သူများ

ရုပ်/သံ ကြည့်ရှု့ နားဆင်လိုပါက ... http://www.youtube.com/watch?v=c5ahn3NFhh4&feature=player_embedded

တိုင်းရင်းသား မဟာမိတ်အဖွဲ့ `ပြည်ထောင်စုတပ်မတော်´ ဖွဲ့စည်းရေး ရှေးရှု


အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ရွေးကောက်ပွဲအပြီးလာမည့် စစ်အစိုးရထိုးစစ်ကို ရင်ဆိုင်ရန် ယခုအပတ်အတွင်း မဟာမိတ်ဖွဲ့လိုက်သည့် လက်နက်ကိုင် တိုင်းရင်းသား ၆ဖွဲ့က`ပြည်ထောင်စု တပ်မတော်´ ဖွဲ့စည်းရေး ဦးစားပေးသည်ဟု လွတ်လပ်သော အာရှအသံနှင့် သတင်းရပ်ကွက်များက ဆိုသည်။

ဤအဓိကရည်မှန်းချက်ကို အစည်းအဝေးများအပြီး မနေ့က ထိုင်းမြောက်ပိုင်း ချင်းမိုင်တွင် ချမှတ်လိုက်ကြသည်။ ပူးတွဲတပ်ဖွဲ့၏ စစ်ရေးနိုင်ငံရေးမဟာဗျူဟာများချမှတ်နိုင်ရေး အလုပ်အဖွဲ့တခု ဖွဲ့စည်းရန်လည်း မဟာမိတ်အဖွဲ့က ဆုံးဖြတ်ခဲ့သည်။

မဟာမိတ်အဖွဲ့တွင် အပစ်ရပ်အဖွဲ့များဖြစ်ကြသော ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) (SSA-N)၊ နှင့် အပစ်ရပ်အဖွဲ့မဟုတ်သော ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသား တပ်ဦး (CNF) တို့ပါဝင်သည်။

ဤအဖွဲ့က ကေအိုင်အေ အကြီးအကဲ ဗိုလ်ချုပ်အင်ဘန်လ ကို ဥက္ကဋ္ဌ တာဝန်ပေးလိုက်ပြီး ကေအန်ယူ ဗိုလ်ချုပ် မူတူးဆေးပိုး က ဒုဥက္ကဋ္ဌ၊ မွန်ပြည် သစ်ပါတီအတွင်းရေးမှူး နိုင်ဟံသာ က အထွေထွေအတွင်းရေးမှူး၊ ကေအန်ပီပီ မှ ရွှေမျိုးသန့်က တွဲဘက်အတွင်းရေးမှူး တာဝန်ယူမည်ဖြစ်သည်။ ဗိုလ် ချုပ်အင်ဘန်လ သည် ကေအိုင်အေ၏နိုင်ငံရေးအဖွဲ့အစည်းဖြစ်သော ကေအိုင် အို ဒုတိယအကြီးအကဲလည်းဖြစ်သည်။

နှစ် ၂ဝ အတွင်း ပထမဆုံးကျင်းပမည့် တနင်္ဂနွေရွေးကောက်ပွဲအပြီး သူတို့ထဲက တဖွဲ့ဖွဲ့ကို မြန်မာစစ်တပ်က စတိုက်လိမ့်မည်ဟု မဟာမိတ်အဖွဲ့က မျှော်လင့်ထားသည်။

ကေအိုင်အို၊ ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည် တပ်မတော်မြောက်ပိုင်း (SSA-N) အမှတ် ၁ တပ်မဟာ၊ အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်မတော် ရှမ်းပြည်အရှေ့ပိုင်း (NDAA-ESS)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့က စစ်အစိုးရကမ်းလှမ်းချက်ဖြစ်သော စစ်တပ် ကွပ်ကဲမှုအောက်တွင်ထားမည့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) ကိုငြင်းပယ် လိုက်အပြီးတွင် စစ်အစိုးရနှင့် ၄င်းတို့ကြား တင်းမာမှု တိုးပွားလာသည်။

စက်တင်ဘာလက မြန်မာစစ်တပ်က ရှမ်းပြည်တပ်မတော်မြောက်ပိုင်း တပ်မဟာ ၁ ကို ၃ ကြိမ်တိုက်ခဲ့သည်။ တချိန်တည်းတွင် စစ်အစိုး ရအာဘော် မြန်မာ့အလင်းသတင်းစာကလည်း ကေအိုင်အိုကို အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ရအပြီး ၁၆ နှစ်အတွင်း ပထမဆုံး အကြိမ် `သောင်းကျန်းသူ´ ဟု သုံးနှုန်းရေးသားခဲ့သည်။

ထိုအတောအတွင်း (အပစ်ရပ်အဖွဲ့မဟုတ်သော) ရှမ်းပြည်တပ်မတော် တောင် ပိုင်းနှင့်လည်း မြန်မာစစ်တပ် ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အောက်တိုဘာ လလယ်အတွင်းက တိုက်ပွဲ ၄ ကြိမ်ဖြစ်ခဲ့သည်။ တိုက်ပွဲများအတွင်း မြန်မာစစ် သား ၁၁ ဦးသေဆုံးပြီး တဒါဇင်ကျော် ဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည်နယ် အတွင်းက သတင်းများ ထွက်လာသည်။ ရှမ်းပြည်တပ်မ တော်တောင်ပိုင်းသည် ရန်သူ့ထံမှ လက်နက်အချို့လည်း သိမ်းဆည်းရမိခဲ့ သည်။

ထိုတိုက်ပွဲများအတွင်း ရှမ်းတပ်ဘက်မှလည်း အချို့ဒဏ်ရာရခဲ့သည် ဟု ရှမ်းသံတော်ဆင့်သတင်းက ရေးသားဖော်ပြသည်။

`ကျနော်တို့တပ်သားတွေက မြန်မာစစ်သားတွေ ရွာသားတွေကို အနိုင်ကျင့် တာကို မကြည့်နိုင်တော့လို့ သေချာရွေးတိုက်ခဲ့တာပါ။ မြန်မာစစ်သားတွေရဲ့ လုပ်ရပ်တွေအပေါ် ကျနော်တို့တပ်သားတွေက လက်တုံ့ပြန်တိုက် ခိုက်ခဲ့တာသာဖြစ်ပါတယ်´ ဟု ရှမ်းပြည်တပ်မတော်တောင်ပိုင်း၏ ပြောရေး ဆိုခွင့်ရှိသူ စဝ်လော်ဆိုင်းကပြောသည်။

မကြာသေးမီက မြန်မာတပ်ဖွဲ့များက ရွာသားများကို အနိုင်အထက်ပြုကျင့် ခဲ့ကြပြီး ထိုအကြောင်းကို ဒေသတွင်းလှုပ်ရှားနေသည့် ရှမ်းပြည်တပ်မတော် တောင်ပိုင်း တပ်ဖွဲ့များထံ တိုင်ကြားခဲ့ကြသည် ဟု သူကပြောသည်။ ခြေမြန်တပ်ရင်း (ခမရ) အမှတ် ၅၁ဝ သည် မိုင်းကိုင်မြို့နယ် မိုင်း ယောင်းဒေသသို့ဝင်လာတိုင်း ရွာသားများကို ရိုက်နှက်ညှဉ်းပန်းပြီး ပစ္စည်းများလည်း ယူသွားသည်ဟု သူကပြောသည်။

`ကျနော်တို့လူထုကို အကာအကွယ်ပေးဘို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ ကျနော်တို့လူထုကို နှိပ်စက်စော်ကားတဲ့ မြန်မာတပ်တွေကို လက်တုံ့ပြန်တိုက် ခိုက်သွားမှာဘဲ´ ဟု ပြောရေးဆိုခွင့်ရှိသူက သတိပေးခဲ့သည်။

မြန်မာစစ်တပ်ကို တောက်လျှောက်ခုခံတိုက်ခိုက်နေသည့် တခုတည်းသော ရှမ်းလက်နက်ကိုင်အဖွဲ့မှာ စဝ်ရွက်ဆစ်ခေါင်းဆောင်သည့် ရှမ်းပြည်တပ်မ တော်တောင်ပိုင်းဖြစ်သည်။ ခွန်ဆာဦးဆောင်သည့် မုန်ထိုင်းတပ်မတော် ၁၉၉၅ ခုနှစ်တွင် လက်နက်ချပြီးနောက် ဤအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းခဲ့ သည်။

အဖွဲ့ဌာနချုပ်မှာ ထိုင်းနိုင်ငံ မဲဟောင်ဆောင်ပြည်နယ်နှင့် မျက်နှာချင်းဆိုင် လွယ်တိုင်းလုံတွင်ရှိပြီး ထိုင်းမြန်မာနယ်စပ်တလျှောက် အင်အား တောင့်တင်းသည့် အခြေခံစခန်းများရှိသည်။ ဤအဖွဲ့သည် အပစ်အခတ်ရပ်စဲ မထားသော အဖွဲ့များအနက် အင်အားအကြီးဆုံး ဟု ယုံကြည်ရသည်။

ယခုကော်မတီသည် ရှမ်းပြည်တပ်မတော်တောင်ပိုင်းနှင့် ဝပြည်သွေးစည်းညီ ညွတ်ရေးတပ်မတော်တို့သို့လည်း သွားရောက်ချဉ်းကပ်ဆွေးနွေးခဲ့သည်ဟု ဝါရင့် မြန်မာ့အရေးလေ့လာသူတဦးက မဇ္ဈိမ ကိုပြောသည်။ ယင်းနှစ်ဖွဲ့က အင်အားတောင့်တင်းသော အဖွဲ့များဖြစ်နေခြင်းကြောင့်ပင်။ ရှမ်းတပ်မတော် တောင်ပိုင်းက အဆိုပြုချက်ကို လက်ခံ စဉ်းစားနေသည်။

`ဒါပေမဲ့ ရှမ်းတပ်မတော်တောင်ပိုင်းက တကယ်အလုပ်လုပ်မဲ့အဖွဲ့ဘဲ ဖြစ်စေ ချင်တယ်။ နိုင်ငံရေးအရ စကားများရန်ဖြစ်နေမယ့် အဖွဲ့မျိုးမဖြစ်စေချင်ဘူး´ ဟု သူကပြောသည်။ `ရှမ်းတောင်ပိုင်းတပ်နဲ့ ဝ မပါရင်တော့ ကေအိုင်အို က အင်အားအတောင့်ဆုံးအဖွဲ့ပါ´ ဟု လည်း သူကဆက်ပြောသည်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့များအတွင်း ဝတပ်မတော်သည် အပြောင် မြောက်ဆုံးအဖွဲ့ဟု မြန်မာ့အရေးလေ့လာသူက ယုံကြည်သည်။ `နိုင်ငံရေးဆို သူတို့က စိတ်မဝင်စားသလို နားမလည်သလိုနေမယ်။ ဒါပေမဲ့ သူတို့ နယ်မြေ မဆုံးရှုံးသေးဘူး။ သူတို့နယ်မြေနဲ့ သူတို့စစ်တပ်ကိုတောင် တိုးချဲ့လာနိုင်သေးတယ်´ ဟု သူကပြောသည်။

အန်ဒီအေအေနှင့် မိုင်းလားအဖွဲ့များကိုမူ သူက မှုလောက်စရာမရှိသည့် `ကစားစရာအရုပ်ကလေးများ´ ဟု နှိမ့်ချပြောဆိုသည်။

`ဒီနှစ်ဖွဲ့က ဝတပ်ဖွဲ့ရဲ့ရုပ်သေးလေးတွေပါ။ အန်ဒီအေအေ ဒေသထဲမှာ ဝ တပ်တွေအများကြီးရှိတယ်။ ဒီတော့ ဝတပ်ဖွဲ့ရဲ့ ရှေ့တန်းစခန်းဆိုတာ ပန်ဆန်း မဟုတ်ဘူး၊ အန်ဒီအေအေ နယ်မြေထဲမှာ´ ဟု သူကပြောသည်။

အချို့က သူတို့ကို ဘိန်းဘုရင်များအဖြစ် တံဆိပ်တပ်စွပ်စွဲကြမည်ဖြစ်သော်လည်း အင်အားကြီး အဖွဲ့များဖြစ်သည်ဟု သူက ပြောသည်။ သူတို့ဒေသအတွင်း ကုလသမဂ္ဂကလည်း စီမံကိန်းများ လုပ်ကိုင် ဆောင်ရွက်လျက်ရှိသည်ဟု အဆိုပါ လေ့လာသူက ဆက်လက်ပြော ဆိုသည်။

`မဟာမိတ်ဆိုတာနဲ့ပတ်သက်လို့ ရီစရာကောင်းတာက ပြည်ပရောက်တွေနဲ့ လက်နက်ကိုင် အတိုက်အခံ အဖွဲ့တွေထဲမှာ မဟာမိတ်အဖွဲ့တွေအများကြီးဘဲ။ ဒါပေမဲ့ ထူးထူးခြားခြားလုပ်တာရယ်လို့ မရှိဘူး´ ဟု သူကပြောသည်။

တိုက်ပွဲဖြစ်စဉ်အကျဉ်း

အောက်တိုဘာ ၁၉ - ရှမ်းပြည်တပ်မတော်တောင်ပိုင်းတပ်ဖွဲ့တဖွဲ့ ရှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ် မိုင်းခတ်ကျေးရွာအုပ်စု ဝမ်မော်ရွာအနီးတွင် ခမရ ၅၁၉ နှင့် ၂၇၇ တို့ကို ခြုံခိုတိုက်ခိုက်သည်။ တိုက်ပွဲ ၁၇ မိနစ်ကြာမြင့်ပြီး မြန်မာစစ်တပ်ဘက်မှ ၂ ယောက်သေ၊ ၁ဝ ဦးဒဏ်ရာရခဲ့သည် ဟု ရှမ်းပြည် တပ်မတော်တောင်ပိုင်း ဝက်ဆိုက်တွင် ရေးသားထားသည်။

အောက်တိုဘာ ၃၁ - မိုင်းကောင်မြို့နယ် မိုင်းယောင်းကျေးရွာအုပ်စု တောင်ဘက် (၅ ကီလိုမီတာ သို့မဟုတ် ၃ မိုင်အကွာ) တွင် ခမရ ၅၁ဝ တပ်ဖွဲ့ တခုကို ရှမ်းပြည်တပ်တော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ခြုံခိုတိုက်ခိုက်ခဲ့ သည်။ မြန်မာစစ်တပ်ဘက်မှ ၇ ဦးသေဆုံးပြီး ၇ ဦးပြင်းထန်စွာ ဒဏ်ရာရသွား သည်။ တိုက်ပွဲ တနာရီခွဲကြာမြင့်ပြီး ရန်သူ့ထံမှ လက်နက်များကို ရှမ်း ပြည်တပ်မတော်က သိမ်းဆည်းရမိခဲ့သည်။

နိုဝင်ဘာ ၁ ရက် (နောက်တရက်) - စစ်ကူလာသော ရန်သူ့တပ် ခမရ ၂၉၂ ကို မိုင်းကောင်မြို့နယ် နောင်ဝိုးနှင့် မိုင်းယောင်းကြားတနေရာတွင် ရှမ်းပြည်တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက်သည်။ တိုက်ပွဲ ၂၈ မိနစ်ကြာမြင့်ပြီး မြန်မာစစ်သားတဦး ဒဏ်ရာရရှိသွားသည် ဟု အက်စ်အက်စ်အေ တောင်ပိုင်း ဝက်ဆိုက်တွင် သတင်းတင်ထားသည်။

နိုဝင်ဘာ ၂ ရက် - ရှမ်းပြည်တောင်ပိုင်း မိုးနဲမြို့နယ် မိုက်ဟိုင် ကျေးရွာအုပ်စု နောင်ခမ်းရွာအနီးတွင် ခမရ ၅၁၈ နှင့် ရှမ်းပြည် တပ်မတော်တောင်ပိုင်းတပ်ဖွဲ့ဝင်များကြား တိုက်ပွဲဖြစ်သည်။ မြန်မာစစ်တပ်မှ ၂ ယောက်ကျဆုံး၍ တယောက်ဒဏ်ရာရသည်။

မြန်မာနိုင်တော်အလံအား မီးရှို့ဖျတ်ဆီးသူ ရုတ်တရက်ကွယ်လွန်



ဦးဖရန်စစ် မုန်လျန်းပေါင် (၄၇)နှစ် အကြီးတန်းစာရေး ချင်းပြည်နယ် တွန်းဇံမြို့နယ် အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီသည် ( ၂၁ )အောက်တိုဘာ ၂၀၁၀ခုနှစ် ညနေ၃ နာရီ ခန့်တွင် ပြုလုပ်သော နိုင်ငံတော်အလံ အသစ်တင် အခမ်းအနားတွင် ပါဝင်၍ အထက် အမိန့်အရ နိုင်ငံတော် အလံဟောင်အား တိုင်ပေါ်မှချခြင်းနှင့်မီးရှို့ဖျက်ဆီးခြင်းကို လုပ်ဆောင်ခဲ့ပါသည်။ ( ၂၁ )နေ့ညသန်ခေါင်တွင် ၄င်း၏နေအိမ်တွင် ရုတ်တရက်ကွယ်လွန်သွားပါသည်။

ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဇနီးသည်နှင့်အတူ ရန်ကုန်သို့ဆေးဝါးကုသရာမှ ကျန်းမာ စွာဖြင့်အောက်တိုဘာလဆန်းတွင် တွန်းဇံမြို့သို့ပြန်ရောက်လာပါသည်။ဦးဖရန်စစ် မုန်လျန်းပေါင် သည် ဘာသာရေးကိုင်းရှိုင်း၍ အကျင့်စာရိတ္တကောင်းသူ၊ အလုပ်တာဝန်ဝတ္တရာများကြေပွန်သူ ဖြစ်သောကြောင့် ၎င်း၏ ရုတ်တရက် ကွယ်လွန်မှုနှင့်ပတ်သတ်၍ ကြားသိသူ အားလုံး အထိတ်တလန့်ဖြစ်နေကြပါသည်။ ဇနီးနှင့်သား( ၃ )ယောက်သမီး( ၂ )ယောက် ကျန်ရစ်ခဲ့ သည်ဟု သိရှိရပါသည်။

ကိုထိန်လင်းတို့ ကတော့လုပ်ချလိုက်တာ လန်ထွက်နေတာပဲ


Friday, November 5, 2010


ဒေါ်အောင်ဆန်းစုကြည်လွတ်မည်ဟု ဆိုင်းဘုတ်ချိတ် 0 Comments - 06 Nov 2010 ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ဒေါ်ေ





ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရန် ၈ ရက်သာ လိုတော့သည်ဟူသော စာသားပါသည့် ၆ ပေ x ၈ပေ ဗီနိုင်းပိုစတာ ၂ ခုကို ချိတ်ဆွဲခဲ့ရာ လူထုစိတ်ဝင်စားမှုများခဲ့ပြီး ရွှေဂုံတိုင်ရုံးရှေ့တွင်လည်း လုံထိန်း ၊ စရဖနှင့် သတင်းတပ်ဖွဲ့အင်အား ၁၀၀ ခန့်အထိ တိုးမြှင့်ချထားသည်ကို ယမန်နေ့က တွေ့မြင် ရကြောင်း NLD လူငယ်တဦးက ပြောသည်။

photo/ AP

ဂီရိဒဏ်ခံရပြီး အကူအညီမရ၍ သေကြောင်း ကြံစည်မှုများရှိ


ရခိုင်ပြည်နယ်အတွင်းမှ ဂီရိလေဘေးဒဏ် အများဆုံးခံခဲ့ရသော မြေပုံမြို့နယ်၊ ရှန်တောင်ကျေးရွာဇာတိနှင့်မြေပုံမြို့၏ အလယ်ပိုင်း ရပ်ကွက်တွင် နေထိုင်သူ ဦးအောင်ကျော်စိန်သည် ဆင်းရဲကျပ်တည်း၍ ကြိုးဆွဲချကာ မိမိကိုယ်မိမိ သတ်သေသွားကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်သူ တဦးက ပြောသည်။

ဦးအောင်ကျော်စိန်သည် သေဆုံးချိန်တွင် အသက် ၅၂ နှစ်ဝန်းကျင်ရှိပြီ ဖြစ်ကာ သားသမီးများ ကျန်ရစ်ခဲ့သည်။

ဂီရိဆိုင်ကလုန်းကြောင့် ၎င်းပိုင်ဆိုင်သည့် စက်လှေများ ရေထဲနစ်မြုပ်သွားခြင်း၊ နေအိမ်လုံးဝ ပျက်စီးသွားခြင်း၊ စီးပွားရေး လုပ်ငန်းများ အားလုံး ဆုံးရှုံးသွားခြင်း စသည့်အကြောင်းများကြောင့် စိတ်ဆင်းရဲမှု ဖြစ်ကာ မုန်တိုင်းဖြစ်ပြီး ၅ ရက်အကြာ အောက်တိုဘာ ၂၇ ရက်နေ့တွင် သတ်သေသွားကြောင်းသိရသည်။

ဦးအောင်ကျော်စိန်ကဲ့သို့ မြေပုံမြို့နယ် ဆင်တောင်ကျေးရွာတွင်လည်း အသက် ၅၀ ကျော် အမျိုးသား တဦးသည် ပြီးခဲ့သည့် ရက်ပိုင်းက မိမိကိုယ်မိမိ သတ်သေသွားကြောင်း ဒေသခံများက ပြောသည်။

လေဘေးသင့် ဒေသခံများသည် မုန်တိုင်းဒဏ်ခံခဲ့ရသည်မှာ ၁၀ ရက်ကျော်နေပြီ ဖြစ်သော်လည်း စားသောက်စရာ၊ နေထိုင်စရာ အမိုးအကာများ လုံးဝ မရရှိသေး၍ စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ဖြစ်နေကြကာ စိတ်ပိုင်းဆိုင်ရာ အားနည်းမှုများ ဖြစ်ပွား နေကြကြောင်း လေဘေးဒဏ်ခံ ဒုက္ခသည်များထံမှ သိရသည်။

ကဲ...ကိုယ်နဲ့...ထိုက်တန်တယ်တယ်ဆို၇င်.........ကိုယ့်ဘာသာေ၇ွးချယ်ကြပါ...


မဲထည့်လိုက်ပြီ ဆိုတာနဲ့

နအဖကို

ထောက်ခံလိုက်တာပဲ



အခုချိန်မှာ စစ်အုပ်စု ဘာလုပ်လုပ် ဘာမှ တရားမ၀င်ဘူး။ သို့သော်လည်း ရွေးကောက်ပွဲကို လက်ခံပြီး မဲပေးလိုက်တာနဲ့ သုညရာခိုင်နှုန်း တရားဝင်ရာကနေ ၂၅% အမြဲတမ်း တရားဝင်သွားမှာ ဖြစ်သလို နောင်တချိန်မှာ အချိန်မရွေး အာဏာပြန်သိမ်းခွင့်ကို တရားဝင် အပ်နှင်းပေးလိုက်ရာ ရောက်သွားလိမ့်မယ်။

စစ်အုပ်စုဟာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်ဆိုပြီး ဆိုရှယ်လစ် နိုင်ငံတွေက ကမ္ဘာမှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေ ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဆိုရှယ်လစ်စနစ်ကတော့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဖျက်ဆီးခံလိုက်ရလို့ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ အခုလည်း ဒီမိုကရေစီကျင့်စဉ် လုံးဝမပါဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဒီမိုကရေစီကို ဖျက်ဆီးဖို့ ကြိုးစားနေပြန်ပြီ။ တခါအလိမ်ခံဖူးရင် လိမ်သူအပြစ် အကြိမ်ကြိမ် ထပ်အလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်သာ ဖြစ်နိုင်ပြီး ခဲလုံးမိဖူးတဲ့ စာသူငယ်ပမာအတိုင်း ခဲလုံးထပ်မမိအောင် သတိရှိရှိနဲ့ ဒီရွေးကောက်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ အကြောင်းမှာ 2008 ဖွဲ့စည်းပုံဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်လို့ ဒီမိုကရေစီ အနှစ်သာရလုံးဝမပါရှိပါ။ ဒါကြောင့်မို့ နိုဝင်ဘာမှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုပဲ မဲပေးပေး စစ်အုပ်စု အကျိုးအမြတ်အတွက်သာ ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ အားလုံးဟာ စစ်အာဏာရှင်စနစ် ထာဝရတည်တံ့အောင် ပံ့ပိုးခြင်းသာ ဖြစ်လို့ အတိုက်အခံပါတီဆိုတာ မရှိပါဘူး။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်သူ အားလုံးဟာ စစ်တပ်မဆိုင်တဲ့အလုပ်ကို ၀င်လုပ်တာကို တရားဝင်အောင် အားပေးကူညီသူများသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လုံးဝမရှိဘဲ စစ်အုပ်စုက ဒီမိုကရေစီလို့ ဗြောင်လိမ်ပြီးလုပ်မည့် ဒီရွှေးကောက်ပွဲကို မဲသွားပေးမည် ဆိုပါက စစ်အုပ်စု တရားဝင် တည်တံ့ခိုင်မြဲအောင် ၀ိုင်းဝန်းပံ့ပိုးပြီး ဒီမိုကရေစီကို ၀ိုင်းဝန်းဖျက်ဆီးရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်မို့
စစ်အုပ်စုကို အာဏာ တရားဝင် မအပ်နှင်းဖို့အတွက် လုံးဝ မဲမပေးကြပါနဲ့

(အပေါ်ပုံကို မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပြီး အောက်က မဲပုံးကြက်ခြေခတ်ထားပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်))

NO VOTE - NO VOTE

NO VOTE

မဲမပေးကြပါနဲ့


(လုံးဝ မဲမပေးကြပါနဲ့)


မဲမပေးကြပါနဲ့

NO VOTE


NO VOTE - NO VOTE

powered by Blogger | WordPress by Newwpthemes | Converted by BloggerTheme